top of page

တိတ်ဆိတ်ခြင်းကြောင့် ဖြစ်လာတဲ့ အနိုင်ကျင့်ခံရမှု

A Ba

7 Jul 2025

ကျွန်တော်တို့ ပြည်သူတွေဟာ မိမိတို့အပေါ်ကို အမှုပတ်လာမှာ စိုးတဲ့အတွက် တိတ်ဆိတ်ငြိမ်သက်စွာနဲ့ နေထိုင်တတ်ကြပါတယ်။

လားရှိုးမြို့ကို တရုတ်က ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်တာကို တိတ်ဆိတ်စွာ နေခဲ့ကြ၊ ပြင်းပြင်းထန်ထန် ကန့်ကွက်သူ မရှိခဲ့ကြပါဘူး။ အခုလည်း အလားတူပါပဲ၊ ကျွန်တော်တို့ပြည်သူတွေဘက်က မကန့်ကွက်တဲ့အတွက် နောင်ချိုနဲ့ အခြားသော တော်လှန်ရေးအဖွဲ့တွေရှိတဲ့နေရာတွေကို တရုတ်ကနေတဆင့် စကစကို ပြန်ပေးဖို့ ကြိုးစားလာကြပါတယ်။ အဲ့ဒေသတွေမှာ ပိတ်ဆို့ခံရတဲ့အတွက် အခုလိုမျိုး လမ်းဖွင့်ဖို့ ဆောင်ရွက်နေရတယ်ဆိုပေမယ့် တရုတ်က ဝင်ရောက်စွက်ဖက်နေပါတယ်ဆိုတာကို အားလုံးကြားအောင် မအော်ခဲ့တဲ့အတွက် မသိလိုက် မသိဖာသာနဲ့ပဲ တရုတ်အောက် စကစအောက်ကို ပြန်ပြန်ရောက်သွားတာပါ။ ကျွန်တော်တို့ မတရားခံရတာကို ဘယ်လို တောင်းဆိုကြမလဲ? အော်နေပေမယ့် ဘယ်သူမှ ဂရုမစိုက်တဲ့အတွက်ကြောင့် တရုတ်ကိုပဲ အားကိုးပြီး ထိုးအပ်နေရတယ်လို့ ဖြေကြမှာလား? ကျွန်တော်တို့ အဖြေတစ်ခုခု ရှာသင့်ပြီထင်ပါတယ်။


တရုတ်၏ သဘောထားအကြောင်း လူထု သတင်းစာမှ ဖော်ပြချက် မူရင်းလင့် : https://web.hittine.org/forum/7/868

bottom of page